ယိုးဒယာ-မြန်မာစစ်ပွဲ(၂၀၀၁)
၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ (၂၄) ရက်နေ့ ညနေ လောက်မှာ နမ့်စန် လေတပ်စခန်းရဲ့ ပြေးလမ်းထိပ်မှာ အသင့်ဖြစ်နေတဲ့တပ်မတော်(လေ)ရဲ့..Super Galeb G4 အမျိုးအစား တိုက်လေယာဉ် အုပ်စုဟာလက်နက်အပြည့်အစုံနဲ့လေထဲကို တဟုန်ထိုးပျံတက်သွားပါတယ်။ဒီ တိုက်လေယာဉ်အုပ်စုဟာလွန်ခဲ့တဲ့မိနစ်ပိုင်းကပဲ …ကက(ကြည်း)ရဲ့ တိုက်ပွဲ၀င် အသင့် အမိန့်ကိုလက်ခံရရှိခဲ့ပြီး ထပ်ဆင့်ဆိုသလိုကက(လေ)ရဲ့စစ်ဆင်ရေးအမိန့်ကိုပါ ရရှိခဲ့ပါတယ်။ လေသူရဲအားလုံးဟာ ….မြေပုံခန်းက အထွက်မှာတော့ သူတို့တိုက်ခိုက်ရမယ့် ပစ်မှတ်ကို ရှင်းရှင်းလင်းလင်းသိခဲ့ပြီးပါပြီ။ သူတို့ဟာ ယိုးဒယား- မြန်မာ နယ်စပ်အို 7 တောင်ကုန်း တစ်ဝိုက်မှာ …..ရှေ့တန်းအမှတ် ၃၅၉ ခြေလျင်တပ်ရင်း နဲ့…..တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့ယိုးဒယားတင့်ကားတွေကို.လေကြောင်းပစ်ကူနဲ့၀င်ရောက်တိုက်ခိုက်ရတော့မှာပါ။ ဒါဟာ ၂၀၀၁ဖေဖော်ဝါရီ(၇)ရက်နေ့မှာစခဲ့တဲ့ ယိုးဒယား-မြန်မာနယ်စပ်တင်းမာမှုအရေးပေါက် ကွဲသွားတာ လည်းဖြစ်ပါတယ်။ အို7 တောင်ကုန်းဟာ တာချီလိတ်မြို့ပုန်းထွန်ရပ်ရဲ့အရှေ့တောင်ဘက်.ယိုးဒယားနိူင်ငံမယ်ဆိုင်မြို့နဲ့ကိုက် ၂၅၀၀အကွာလောက်မှာ တည်ရှိတဲ့တောင်ကုန်းဖြစ်ပြီး၊ ၁၉၉၅ မှာ MTA အဖွဲ့တွေကတောင်ကုန်းပေါ်ကနေလက်နက်ကြ...