ယိုးဒယာ-မြန်မာစစ်ပွဲ(၂၀၀၁)
၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ (၂၄) ရက်နေ့ ညနေ လောက်မှာ နမ့်စန် လေတပ်စခန်းရဲ့
ပြေးလမ်းထိပ်မှာ အသင့်ဖြစ်နေတဲ့တပ်မတော်(လေ)ရဲ့..Super Galeb G4 အမျိုးအစား တိုက်လေယာဉ် အုပ်စုဟာလက်နက်အပြည့်အစုံနဲ့လေထဲကို တဟုန်ထိုးပျံတက်သွားပါတယ်။ဒီ တိုက်လေယာဉ်အုပ်စုဟာလွန်ခဲ့တဲ့မိနစ်ပိုင်းကပဲ …ကက(ကြည်း)ရဲ့ တိုက်ပွဲ၀င် အသင့် အမိန့်ကိုလက်ခံရရှိခဲ့ပြီး ထပ်ဆင့်ဆိုသလိုကက(လေ)ရဲ့စစ်ဆင်ရေးအမိန့်ကိုပါ ရရှိခဲ့ပါတယ်။ လေသူရဲအားလုံးဟာ ….မြေပုံခန်းက အထွက်မှာတော့
သူတို့တိုက်ခိုက်ရမယ့် ပစ်မှတ်ကို ရှင်းရှင်းလင်းလင်းသိခဲ့ပြီးပါပြီ။ သူတို့ဟာ ယိုးဒယား- မြန်မာ နယ်စပ်အို 7 တောင်ကုန်း တစ်ဝိုက်မှာ …..ရှေ့တန်းအမှတ် ၃၅၉ ခြေလျင်တပ်ရင်း နဲ့…..တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့ယိုးဒယားတင့်ကားတွေကို.လေကြောင်းပစ်ကူနဲ့၀င်ရောက်တိုက်ခိုက်ရတော့မှာပါ။ ဒါဟာ ၂၀၀၁ဖေဖော်ဝါရီ(၇)ရက်နေ့မှာစခဲ့တဲ့ ယိုးဒယား-မြန်မာနယ်စပ်တင်းမာမှုအရေးပေါက် ကွဲသွားတာ လည်းဖြစ်ပါတယ်။

အို7 တောင်ကုန်းဟာ တာချီလိတ်မြို့ပုန်းထွန်ရပ်ရဲ့အရှေ့တောင်ဘက်.ယိုးဒယားနိူင်ငံမယ်ဆိုင်မြို့နဲ့ကိုက် ၂၅၀၀အကွာလောက်မှာ တည်ရှိတဲ့တောင်ကုန်းဖြစ်ပြီး၊ ၁၉၉၅ မှာ MTA အဖွဲ့တွေကတောင်ကုန်းပေါ်ကနေလက်နက်ကြီးနဲ့ တာချီလိတ်မြို့ ကိုလှမ်းပစ်ပြီးကတည်းကတပ်မတော်က တပ်စုတစ်စုဟာ တောင်ကုန်းပေါ်မှာ
အမြဲတန်းတပ်စွဲနေခဲ့ပါတယ်.။ အဲဒီတပ်စုရဲ့ငြိမ်းချမ်းမှုဟာတော့ ဖေဖော်ဝါရီလ (၇) ရက်နေ့မှာပျောက်ဆုံးသွားခဲ့ရပါပြီ။ ခလရ ၃၅၉ က တပ်စုမှူး ဒုအရာခံဗိုလ်ကျော်ဌေးဟာ ကွပ်ကဲမှု စစ်ကြောင်းထံဆက်သွယ်ရေးစက်နဲ့ အခြေအနေအားလုံး သတင်းပို့နေပါတယ်။ ယိုးဒယား နယ်ခြားစောင့် တပ်ဖွဲ့၀င် ၂၀လောက်ဟာ စခန်းနဲ့ကိုက်၂၀၀ အကွာမှာနေရာယူထားပြီး၊ ယိုးဒယားစစ်တပ်က ဗိုလ်ကြီး ယိုးထင်ခေါင်းဆောင်တဲ့ အင်အား (၄၀) လောက်ကသူတို့ကို စခန်းကဆင်းသွားဖို့အမိန့်ပေးတဲ့အကြောင်းပါ ။ယိုးဒယား V150 သံချပ်ကာယာဉ်တပ်စုမှူးကငြင်းဆန်ခဲ့ပြီး တစ်နာရီလောက် အကြာမှာတော့ ….ယိုးဒယားတပ်ဖွဲ့၀င်(၁၀၀)လောက်ဟာ v150 သံချပ်ကာယာဉ်(၂) စီး၊ M60 တင့်ကား လေးစီး၊ ၁၂၀မမ အမြောက်တင်သံချပ်ကာ(၂)စီးတို့နဲ့ဆိုက်ရောက်လာခဲ့ပြီး၊ တစ်ချိန်တည်းမှာပဲတပ်မတော်ဘက်ကလည်း ခလရ ၃၅၉ က
တပ်ခွဲ ၂ ဟာ ရင်ဆိုင်တပ်ဖြန့်နေရာယူနေပါပြီ၊ ဖေဖော်ဝါရီလ( ၈ ) ရက်နေ့မှာတော့ ယိုးဒယားတပ်ဖွဲ့၀င်သုံးရာခန့်ဟာ အတွဲလိုက် ဒုံးပစ်စင် MLRS စနစ်တင် သံချပ်ကာကား (၃) စီး၊ တင့်ကားများနဲ့အတူ ထပ်မံအင်အားဖြည့်တင်းခဲ့ပြီး၊ တပ်မတော်ဘက်ကလည်း ခလရ ၃၅၉ က စစ်ကြောင်း-၂ တစ်ကြောင်းလုံး ၀င်ရောက်နေရာယူခဲ့ပါတယ်။နှစ်ဖက် အပြိုင်တင်းမာနေတဲ့ အခြေအနေဟာ ဖေဖော်ဝါရီ (၁၁)ရက်နေ့မှာတော့ နှစ်ဖက်
ပစ်ခတ်မှုတွေနဲ့အတူ ပေါက်ကွဲသွားခဲ့ပါပြီ ။ နှစ်စဉ်ပြုလုပ်နေကြ Cobra Gold စစ်ရေးလေ့ကျင့်မှုဟာ ဒီနှစ်ချင်းရိုင်းဒေသမှာ ပြုလုပ်ခဲ့တာဖြစ်လို့ နယ်စပ်တစ်ဝိုက် အသင့်ရှိနေတ ဲ့…..ယိုးဒယားသံချပ်ကာတပ်များဟာတိုက်ပွဲဖြစ်ပွားရာဒေသကို အမြန်ဆုံးမောင်းနှင်လာနေသလို တြိဂံဒေသတိုင်းထဲက တပ်မတော် ခြေလျင်တပ်ရင်းတွေဟာလဲ စစ်ကူချီတက် လာနေပြီဖြစ်ပါတယ်။ တိုက်ပွဲအဟုန်ကို မြင့်တက်သွားစေတာကတော့ဖေဖေဝါရီ (၂၁) ရက်နေ့မှာ လွယ်တော်ခန်းစခန်း ၊ ဧပြီ (၂၂) ရက်နေ့မှာ ပါချီးစခန်း ၊ (၂၃) ရက်နေ့မှာနယ်စပ် ဘီပီ 1 စခန်းတို့ကို ယိုးဒယားနိူင်ငံအခြေစိုက် SURA ရွက်ဆစ်အဖွဲ့နဲ့ ယိုးဒယားစစ်တပ် ပူးပေါင်းပြီး
၀င်ရောက်တိုက်ခိုက်လိုက်တာပါပဲ။
သာလွန်အင်အားသုံးပြီး တပ်စုအဆင့်စခန်းလေးများ ကို၀င်ရောက်တိုက်ခိုက်တဲ့အတွက်
စခန်းများကျဆုံးသွားချိန်မှာတော့နှစ်နိူင်ငံအမြောက်တပ်တွေဟာ…နယ်စပ်ဖြတ်ကျော်ပြီးအပြင်းအထန်ပစ်ခတ်
နေကြပါပြီ ဖော်ဖေဝါရီလ (၁၁) ရက်နေ့ ယိုးဒယား ရဟတ်ယာဉ်တစ်စီး ပစ်ချခံလိုက်ရတဲ့နောက်မှာယိုးဒယားဖက်က F5 E အမျိုးအစား ၊ F 16 အမျိုးအစား ဂျက်တိုက်လေယာဉ်တွေကို စတင်အသုံးပြုလာပြီးတပ်မတော်ဘက်ကတော့ G-4 အမျိုးအစား( Ground Attack ) တိုက်လေယာဉ်တွေ ကိုသုံးစွဲခဲ့ပါတယ်။
ဝေဟင်တိုက်ပွဲတွေမဖြစ်ပွားခဲ့ပေမယ်လည်းနှစ်ဖက်လုံးကလေကြောင်းတိုက်ခိုက်မှုတွေကို ပြင်းပြင်း ထန်ထန်ပြုလုပ်ခဲ့ကြပြီး၊ ယိုးဒယားလေတပ်ကတော့လေကြောင်းတိုက်ခိုက်မှု အကြိမ် (၇၀) ခန့်ပြုလုပ်ခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲကာလနောက်ပိုင်းတွေမှာတာချီလိတ်နဲ့မယ်ဆိုင်မြို့များအတွင်းကို…..နှစ်ဖက်အမြောက်များအပြန်
အလှန် ပစ်ခတ်ခဲ့ကြပြီး၊ အရပ်သားသေဆုံးမှုဖြစ်စဉ်တွေပါ ဖြစ်ပေါ်ခ ဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၄ မှာတော့ O7ကုန်းကို ဝိုင်းတိုက်ခိုက်နေတဲ့ ယိုးဒယားတပ်တွေကို တန်ပြန်ထိုးစစ်ဆင်နွှဲခဲ့ကာ မောင်းထုတ်နိူင်ခဲ့ပေမယ့်ကျထိန ၊ပါချီး ၊လွယ်တော်ခန်း ၊လွယ်မဆုတ် ၊ လွယ်ခန်းရှိုး စတဲ့ စခန်းအတော်များများကတော့ ဇွန်လ ထဲမှပဲ
ပြန်လည်သိမ်းပိုက်နိူင်ပါတော့တယ်။ ဒါဟာတပ်မတော်အဖို့တော့ သူအမြဲသတိထားစောင့်ကြည့်ရမယ့်
အိမ်နီးချင်းတစ်ယောက်ရှိနေတယ်ဆိုတာ သတိပေးလိုက်သလို ဖြစ်သွားခဲ့ပြီး နောက်တစ်နှစ်မှာပဲ ယိုးဒယားလေတပ်ရဲ့F 16 တိုက်လေယာဉ်များကို ယှဉ်ပြိုင်နိူင်ဖို့ MIG 29 ခေတ်မီ တိုက်လေယာဉ် နှစ်အုပ်ကိုရုရှားနိူင်ငံက ၀ယ်ယူခဲ့ပါတယ်။ တကယ်လဲ သူထင်သလိုပဲ နယ်စပ်ပြသနာဟာမပြီးသေးပါဘူး ….နောက်ထပ်
(၁၀) လ အကြာမှာ …ပန်မိုင်ဆွန်ဒေသ ခြေကုပ်စခန်းများအားလုံးကို ….ယိုးဒယားစစ်တပ်ရဲ့ပစ်ကူနဲ့ …..SURAအဖွဲ့ကထိုးစစ်ဆင်တော့မှာဖြစ်သလို အခုတိုက်ပွဲစဉ်တွေထက် ကျယ်ပြန့်တဲ့တိုက်ပွဲတွေကိုလဲ အချိန်အတော်ကြာ ဆင်နွှဲရတော့မှာဖြစ်ပါတယ်…..။

၂၀၀၂ ခုနှစ် မေလ (၄) ရက်နေ့မှာ .ကျိုင်းတုံ အခြေစိုက် အမှတ်၃တပ်မတော် ထောက်လှမ်းရေး
တပ်ရင်းတပ်ရင်းမှူးဟာ အမှတ် ၂၂ တပ်မတော်ထောက်လှမ်းေ၇းတပ် (ကျိုင်းတုံ) နဲ့အမှတ် ၂၄
တပ်မတော်ထောက်လှမ်းရေးတပ် (တာချီလိတ်) တို့ကချက်ချင်း ပေးပို့လိုက်တဲ့ထိပ်တန်းလျှို့ဝှက် ကြေးနန်းစာ၂စောင်ကိုအလျင်အမြန်ဖတ်ရှုနေပါတယ်။ဒီကြေးနန်းမှာဖော်ပြထားတဲသတင်းတွေဟာမကြာမ
ီနာရီပိုင်းအတွင်းမှာပဲရန်ကုန်မြိုမှာရှိတဲ့ တပ်မတော်ထောက်လှမ်းရေးဌာနချုပ်ရုံး ပြည်တွင်းထောက်လှမ်းရေးဌာနတိုက်ပွဲထောက်လှမ်းရေးဌာနခွဲ နဲ့ ပြည်ပထောက်လှမ်းရေးဌာန နိူင်ငံခြားထောက်လှမ်းရေးဌာနခွဲတို့ကိုအထူးဆက်သားနဲ့ပေးပို့ခြင်းခံရတော့မှာလည်းဖြစ်ပါတယ်….။

၂၀၀၂ ခုနှစ် ဧပြီလကုန်ပိုင်းမှာ ယိုးဒယားနိူင်ငံဟာ မြန်မာနိူင်ငံနဲ့နယ်နိမိတ်ထိစပ်နေတဲ့ အမှတ် ၃
စစ်တိုင်းမှာ SURASI 143 လို့အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ပြုလုပ်သွားမယ်
လို့ရုတ်တရက်ကြေငြာခဲ့ပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်မှုဟာ ယိုးဒယားဘတ်ငွေ သန်း ၂၀၀ကျော် ကုန်ကျပြီးစစ်သည်အင်အား(၂၀၀၀၀)ကျော်နဲ့ သံချပ်ကာကား တင့်ကား အမြောက်အများ ပါ၀င်မှာလဲ ဖြစ်ပါတယ်။လေ့ကျင့်မှုပြုလုပ်မယ့်နယ်မြေဟာ မြန်မာနယ်နိမိတ်နဲ.အလွန်အမင်းနီးကပ်နေတဲ့အပြင် ......ယိုးဒယားတပ်စခန်း ၂၆ ခုနဲ....တပ်မတော်ကရှေ့တန်းစခန်းတွေချင်း.....ထိပ်တိုက်ရင်ဆိုင်ထားတဲ့ဒေသလည်းဖြစ်တာကြောင့်မြန်မာနိူင်ငံခြားရေး၀န်ကြီးဌာနဟာ .ချက်ချင်းပဲ ဒီစစ်ရေးလေ့ကျင့်မှုကို ..အပြင်းအထန်ကန့်ကွက်ခဲ့ပေမယ့် ......ယိုးဒယား အစိုးရကတော့ .....တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မပြုခဲ့ပါဘူး…..။ရန်ကုန်မြို့ ၈ မိုင်မှာရှိတဲ့ တပ်မတော်ထောက်လှမ်းရေးဌာနချုပ်ရုံး ၊တိုက်ပွဲထောက်လှမ်းရေးဌာနခွဲအဖို့ကတော့ဒီရက်ပိုင်း နယ်မြေခံ ထောက်လှမ်းရေးတပ် အချို့က.တင်ပြလာတဲ့သတင်းတွေဟာ အတော့်ကို ရှုပ်ထွေးစိုးရိမ်ဖွယ် အခြေအနေမှာ ရှိနေပါတယ်။ ယိုးဒယားနိူင်ငံ မယ်ဟောင်ဆောင် မြို့က ထိပ်တန်းလျှို့ဝှက် အဆင့်ရှိသတင်းပေးတစ်ဦးပေးပို့လာတဲ့သတင်းအရ ..SURA တပ်မှူးများ အစည်းအဝေးကို ....ဇန်နဝါရီလ ပထမပတ်အတွင်းက မယ်ဟောင်ဆောင်မြို့မှာ ပြုလုပ်ခဲ့ပြီး ..စစ်ဆင်ရေးများတိုးမြှင့်လုပ်ဆောင်ရန်နှင့် ..အောင်မြင်ပါက
လက်နက်မျိုးစုံအလက်(၂၀၀၀) နှင့်ခဲယမ်းသန်း၂၀ခန့် ယိုးဒယားထံမှရနိူင်ဖွယ်ရှိတယ်ဆိုတဲ့အချက်နဲ့
ယိုးဒယားတပ်မတော်အရာရှိကြီးတစ်ဦးမှ မယ်ဆိုင်မြို့ရှိ ဆွေမျိုးများထံ ဖုန်းဆက်ပြီး မယ်ဆိုင်မှ အမြန်ဆုံးထွက်သွားဖို့ပြောတဲ့အတွက် မိသားစုလိုက် အဆောတလျင် ထွက်ခွာသွားတယ်ဆိုတဲ့သတင်းတွေဟာသူတို့အတွက်အတော်ကိုစိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်….။

၂၀၀၂ ခုနှစ် မေလ ၄ ရက်နေ့၁၄း၃၀ ချိန်မှာတော့ .အမှတ်၃၂၈ ယိုးဒယားသံချပ်ကာတပ်က
တင့်ကား ၁၀စီး ဘီးတပ်အမြောက် ၄လက် .အင်အား၅၀၀ ခန့်ပါ၀င်တဲ့စစ်ယာဉ် အစီး ၅၀ခန့်ဟာ
မယ်ဖားလုံခရိုင်ရှိ နယ်စပ် စခန်းတွေမှာ တပ်ဖြန့်ချလာပြီး (၂၀း၀၀) ချိန်မှာတော့ စစ်သည်အင်အား ၅၀၀ ခန့်ဟာ ချိန်းတပ် အမြောက်တင် သံချပ်ကာ အစီး ၂၀၊ ဆယ်ဘီးယာဉ်ဖြင့် တင်လာတဲ့ ၁၅၅ မမ ဟောင်၀စ်ဇာအမြောက် ၂လက်၊ ဂျစ်ကား ၃စီးနဲ့အတူ မဟိန်တက် ၀န်းကျင်မှာ ၀င်ရောက်နေရာယူခဲ့ပါတယ်။ မေလ (၁၀)ရက်နေ့မှာတော့ရွက်ဆစ်ဦးစီး SURA အင်အား(၁၀၀)ခန့်ဟာ မိုးကာအုပ် ထားတဲ့လက်နက်ကြီး ၃လက်နဲ့အတူလွယ်တိုင်းလျံမှ မိုင်းနသို့ရောက်ရှိလာပြီး၊ မေ ၁၈ ရက်နေ့မှာ ချိန်းတောင်းမြို့နယ၊် နားဝိုင် တစ်ဝိုက် မှာသံချပ်ကာယာဉ် ရွေ့ပြောင်းမှုများ အများအပြားရှိခဲ့ပါတယ်။ မေ ၁၉ ရက်နေ့မှာတော့ ယိုးဒယားတပ်ဖြန့်ချထားမှုဟာသံချပ်ကာယာဉ် (၁၇၀)၊ တင့်ကား (၉၆)စီး၊ စစ်သည် (၂၆၀၀၀) ကျော်နဲ့ SURA အင်အား ၇၀၀ကျော်တို့ကိုနယ်စပ်တစ်လျောက်တပ်ဖြန့်နေရာယူပြီးဖြစ်နေပါပြီ။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနေနဲ့တော့ တပ်မတော်ထောက်လှမ်းရေးက ပေးပို့လာတဲ့
ဒီတပ်ရွေပြောင်းနေရာချထားမှုသတင်းတွေဟာစစ်ရေးလေ့ကျင့်မှုသက်သက်လားအခြားရည်ရွယ်ချက်
တစ်စုံတစ်ရာကြောင့်လားဆိုတာ ဝေခွဲရခက်ခဲပေမယ့် ချက်ချင်းဆိုသလိုပဲ နယ်စပ်ဒေသ ခံစစ်စခန်းများအားလုံးကိုအသင့်ပြင်စေခဲ့ပြီး၊ အမှတ် ၆၅ ခြေလျင် တပ်ရင်းကို နားတောင်းမူ၊ အမှတ် ၂၂၆ ခြေလျင်တပ်ရင်းကိုတာချီလိတ် နဲ့ အမှတ် ၃၀၄ ခြေမြန်တပ်ရင်းကို ပန်မိုင်ဆွန် ဒေသ တို့ကို အသီးသီး ချီတက်စေခဲ့ကာ၊ အမှတ်၃၃ ခြေမြန်တပ်မကိုစတင်တပ်လှန့်ခဲ့ပါတယ်။ ဒါပေမယ့်အခု အချိန်ထိတော့ဒီလှုပ်ရှားမှုတွေရဲရည်မှန်းချက်ဟာမှန်းဆရခက်ခဲတဲ့အခြေအနေမှာပဲရှိနေပါသေးတယ်။၂၀၀၂ ခုနှစ်၊ မေလ (၂၀)ရက်နေ့နံနက် ၉ နာရီ မှာ ရန်ကုန်မြို့အမှတ် (၂၀) အင်းယားလမ်း
တပ်မတော်ဧည့်ဂေဟာထဲကို ဒုတိယတပ်မတော်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကျော်၀င်းနဲ့ ပြည်တွင်း
ထောက်လှမ်းရေးဌာန၊ ဒုတိယဌာနကြီးမှူး ဗိုလ်မှူးကြီးစန်းပွင့် တို့ဟာ ..မျက်နှာထား ခပ်တင်းတင်းနဲ့၀င်ရောက်လာပါတယ်။ ခန်းမထဲမှာတော့ ပြည်တွင်း/ပြည်ပ သတင်းစာဆရာတွေနဲ့ပြည့်နှက်နေပြီး မကြာခင်မှာပဲဗိုလ်ချုပ်ကျော်၀င်းဟာ ဒီကနေ့မနက် ၄ နာရီ ၁၅ မိနစ်မှာ နယ်စပ် တစ်လျောက်မှာ ရှိနေတဲ့ တပ်မတော်ရှေ့တန်းစခန်း အများအပြားကို SURA နဲ့ ယိုးဒယားစစ်တပ် ပူးပေါင်းပြီး .၀င်ရောက်စီးနင်း တိုက်ခိုက်နေပြီဖြစ်ကြောင်းနဲ့ လူ၊ လက်နက် အင်အားမမျှပေမယ့် ..တပ်မတော်စခန်းငယ် တွေဟာအခု လက်ရှိအချိန် အထိအပြင်းအထန်.ကာကွယ်ခုခံနေကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လဲ အခြေအနေဟာ .တစ်ဖက်က အသာစီးရနေခ ဲ့ပါပြီ…. ၂၁.၅.၂၀၀၂ ရက်နေ့ နံနက် ၃
နာရီ ၃၀ ချိန်မှာ နယ်စပ် ခံစစ် ဘီပီ-၅ စခန်းအပါအ၀င် ပန်မိုင်ဆွန် ၊ ပန်ကန့်ကော်၊ ကျူဆန်ကပ်၊ မုံးထော်၊
မုံးထစခန်းများ အားလုံးနီးပါးကျဆုံးသွားခဲ့ပြီး၊ အဲဒေသက ရွာတွေ အားလုံးလဲ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
ဒေသခံတွေလည်း အများအပြား ထိခိုက်သေဆုံးခဲ့ရပြီး ပညာရေးနဲ့ကျန်းမာရေး ၀န်ထမ်း ဆရာမ အချို့ကိုလဲSURAကသုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရပါတယ်။ ဒါဟာ ၂၀၀၁ ခုနှစ်က နာကျည်းချက် ဒဏ်ရာအကင်းမသေသေးတဲ့တပ်မတော်အစိုးရအပေါ် သွားပြီး စနက်တံ မီးရှို့လိုက်သလို ဖြစ်သွားစေနိူင်တဲ့အချက်လဲဖြစ်သွားစေပါတယ်

မြန်မာ-ယ်ိုးဒယားစစ်ပွဲ ( ဒုတိယပိုင်း)
===========================
===========================
အခြေအနေကတော့တပ်မတော် အစိုးရဟာ တစ်ခုခုကို စိတ်ပိုင်းဖြတ်လိုက်ပြီး ဖြစ်ပုံရပါပြီ။
နောက်ထပ် နာရီ အနည်းငယ် အတွင်းမှာတော့ အမှတ် ၃၃ ခြေမြန်တပ်မ လက်အောက်ခံ တိုက်ခိုက်ရေး
တပ်ရင်းတွေဟာ တိုက်ပွဲ ဖြစ်ပွားရာ နယ်မြေအတွင်းကို ဒေါသတကြီးနဲ့ တဟုန်ထိုးချီတက်လျက် ရှိသလို
တြိဂံဒေသတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းတွေ ဟာလည်း အမြန်ဆုံး စစ်ကူလိုက်လာနေပါပြီ။
ရန်ကုန် အမှတ်၃ အမြန်လမ်းမကြီးတစ်လျောက်မှာတော့ ....တပ်ရွေ့ပြောင်းမှု အများအပြားကို တွေ့မြင်ရပြီး
အမြောက်တပ်မတစ်ခုဟာ ၁၀၅မမ ဟောင်၀စ်ဇာ အမြောက်တင်စစ်ယာဉ်အများအပြားနဲ့ တလကြမ်း ချီတက်သွားတာကိုလဲမြင်တွေ့လိုက်ရမှာဖြစ်ပါတယ်။ တပ်မတော်(ရေ) ရဲ့ဒုံးပျံတင်ကော်ဗက်စစ်ရေယာဉ် ၃စီးအပါအ၀င်စစ်သင်္ဘော ၈ စီး ဟာလဲမြန်မာ့ရေပိုင်နက်နယ်နိမိတ်ဆီကိုမိုင်ကုန်တင် ခုတ်မောင်းနေသလို နမ့်စန်လေတပ်စခန်းကတိုက်ခိုက်ရေးလေယာဉ်အုပ်များအားလုံးလဲတိုက်ပွဲ၀င်ရန် အသင့်အနေအထား တပ်လှန့်အမိန့်၀င်လာပါတယ်။ ယိုးဒယားနိူင်ငံအနေနဲ့တော့အခြေအနေဟာ ယခင်အကြိမ်ပေါင်းများစွာလိုပဲနယ်စပ်ဒေသကန့်သတ်စစ်ပွဲအဆင့်ကိုရည်မှန်းရန်စလို့
မရနိူင်လောက်တော့ပါဘူး။၂၁.၅.၂၀၀၂ ရက်နေ့မှာပဲ ယိုးဒယား တီဗွီ ချာနယ် 7 ဟာ တပ်မတော်စခန်းတွေ နဲ့ဒေသတွင်း “၀”
တပ်ဖွဲ့စခန်းတွေ ကို SURA က၀င်ရောက်သိမ်းပိုက်ရာမှာ မူးယစ်ဆေးဝါး အများအပြား ဖမ်းမိခဲ့တယ်လို့
ကြေငြာကာ စစ်ပွဲကို ပုံဖော်ခဲ့ပြီး၊ ဒီဖြစ်စဉ်မှာ ယိုးဒယား စစ်တပ်က လုံး၀ပါ၀င်ခဲ့ခြင်းမရှိကြောင်း၊ အမှတ် ၃တပ်တော်မှူး ဒုတိယဗိုလ်ချုပ်ကြီး၀ပ်တနာချိုင်းက ငြင်းဆိုခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ....ယိုးဒယား
တပ်မတော် ကြည်းတပ်ဦးစီးချုပ် .ဗိုလ်ချုပ်ကြီး ဆူရာယုဒ် ချူလာနော့ က ..မြန်မာနိူင်ငံ အနေနဲ့ယိုးဒယားကိုထိပါးလာရင်အင်အားသုံးပြီးဖြေရှင်းမယ်လို့တိတိလင်းလင်းထုတ်ပြောခဲ့ပါတယ်…..။ နောက်ရက်မှာတွေမှာတော့..နှစ်နိူင်ငံ နိူင်ငံခြားရေး၀န်ကြီးတွေဟာ သံအမတ် နှစ်ဦးလုံးကို ခေါ်ယူပြီး
.ပြင်းပြင်းထန်ထန် ကန့်ကွက်သတိပေးခဲ့ကြသလို ဗန်ကောက် ပို့စ်၊ နေရှင်း စတဲ့ယိုးဒယား သတင်းစာတွေနဲ့.မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာတို့ရဲ့မီဒီယာ တိုက်ပွဲကြီးလည်းစတင်ပါပြီ။ လတ်တလော ထုတ်ဝေနေတဲ့ယိုးဒယားသတင်းစာများမှာ မြန်မာမုန်းတီးရေး ဆောင်းပါးများနဲ့ပြည့်နှက်နေသလို၊
မြန်မာ့သတင်းစာ
များကဖော်ပြနေတဲ့ ဒေါက်တာ မတင်၀င်းရဲ့ " ဗြနရာဇ် လူမဖြစ်ပါ " ဆိုတဲ့အခန်းဆက်ဆောင်းပါးတွေဟာ ဘုရင်ကိုအထွတ်အမြတ်ထားလှတဲ့ယိုးဒယားတို့ကိုတော့ အတော့်ကိုယမ်းပုံမီးကျ ဖြစ်စေခဲ့ပါတယ်။မကြာခင်ပဲ ယိုးဒယားရဲတပ်ဖွဲ့ဟာ ဒေါက်တာမတင်၀င်း ၊ မြန်မာ့အလင်းနဲ့ကြေးမုံ သတင်းစာအယ်ဒီတာတွေကို ....Black Listစာရင်းသွင်းကာပြည်၀င်ခွင့်ပိတ်ခဲ့ပြီး မြန်မာနိူင်ငံကလဲဘန်ကောက်ပို့စ် နဲ့နေရှင်း သတင်းစာ အယ်ဒီတာများအပါအ၀င် ယိုးဒယားဆောင်းပါးရှင် ၁၇ ဦးကို ပြန်လည်ပြီး Black List သွင်းကာ ပြည်၀င်ခွင့် ပိတ်ခဲ့ပါတယ်။၂၀၀၂ခုနှစ် ဇွန်လ (၁)ရက်နေ့မှာ ..တပ်မတော် အစိုးရဟာ .ပြည်တွင်း ပြည်ပ သတင်းစာဆရာများ
နဲ့သံရုံးအသီးသီးမှသံတမန်များ...စစ်သံမှူးများအားလုံးကိုဖိတ်ခေါ်ပြီးသမိုင်းတစ်လျောက်သဘောထား
တင်းမာလွန်း
တဲ့ထုတ်ပြန်ချက်တစ်ခုကို တိတိလင်းလင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီ ထုတ်ပြန်ချက်ကတော့ ....တပ်မတော်အနေနဲ့ကျဆုံးသွားတဲ့ ပန်မိုင်ဆွန်ဒေသစခန်းအားလုံးတို့ကို ...ပြန်လည်တိုက်ခိုက်တော့မှာဖြစ်ပြီး ၊ အကယ်လို့
ယိုးဒယားတပ်တွေအနေနဲ့.မိမိတို့ကို ပစ်ခတ်လာမယ်ဆိုရင် ချက်ချင်း ပြန်လည် တုံ့ပြန်ပစ်ခတ် တိုက်ခိုက်ဖို့တပ်တွေကိုအမိန့်ပေးလိုက်ပြီဖြစ်တဲ့အကြောင်းပါ။ ဒီထုတ်ပြန်ချက်ဟာ ..ယိုးဒယားအပေါ်တိတိလင်းလင်းစိန်ခေါ်လိုက်တာဖြစ်သလို .လိုအပ်ရင်စစ်ဖြစ်ဖို့အသင့်ရှိတယ်ဆိုတဲ့.....သဘောလဲ သက်ရောက်တဲ့အတွက်
....သံတမန် များရဲ့အာမေဋိတ်သံဟာ .....ခန်းမထဲမှာ တော့ အတော်ပဲ ကျယ်လောင်သွားခဲ့ပါတယ်။ယိုးဒယား
စစ်သံမှူးအနေနဲ့တော့သတင်းထောက်များ ဝိုင်း၀န်းမေးမြန်းမှုတွေကိုမျက်နှာမကောင်းစွာနဲ့ပဲ ပြောစရာ
မရှိကြောင်းပြောကြားခဲ့ပြီး၊ သံရုံးကိုအလျင်အမြန်ထွက်ခွာသွားပါတယ်။ သူဟာ ဒီ ရာဇသံကို သူ့နိူင်ငံ အစိုးရဆီအမြန်ဆုံးသတင်းပို့ရမှာဖြစ်သလို ....မြန်မာလူထုရဲ့ဒီပြသနာအပေါ် သဘောထားကိုလဲ ထောက်လှမ်းရေးအစီရင်ခံစာအများအပြားရရှိပြီးဖြစ်တဲ့အတွက်မျက်နှာမကောင်းတာ
လဲဖြစ်နိူင်ပါတယ်….။
ပြီးခဲ့တဲ့၃/၄ရက်ကစလို့ရန်ကုန်မှာရှိတဲ့ယိုးဒယားသံရုံးကို...လုံခြုံရေးတိုးမြှင့်ပေးထားရပြီး နိူင်ငံအနှ့ံ
အပြားကယိုးဒယားပစ္စည်းများရဲ့ရောင်းအားဟာလဲ ဒလဟောထိုးကျလို့နေ နေပါပြီ။ မြန်မာပြည်အနှံ့က
အလံတွေလွှင့်ထူထားလို့ရဲရဲတောက်နေတဲ့အိမ်တွေရဲ့မျက်နှာစာကို တိုင်းမ်မဂ္ဂဇင်း ကမျက်နှာဖုံး သတင်း
အဖြစ်ဖော်ပြခဲ့သလို၊ ရွှေရောင်ပစ်မှတ်ရုပ်မြင်သံကြားဇာတ်လမ်းတွဲရဲ့ဇာတ်၀င်ခန်းထဲက ...." ကျွန်တော့်ကို
အချိန် ၃ ရက်သာပေးပါ ဘန်ကောက်မြို့ပေါ်လမ်းလျောက်ပြပါမယ် ဗိုလ်မှူး " ဆိုတဲ့ စကားဟာ တစ်ပြည်လုံးအနှံ့ကလူငယ်တွေတဖွဖွရေရွတ်လို့နေနေပါပြီ……" ...

ဒါဟာ ယိုးဒယားအဖို့တော့ သူတို့မျှော်လင့်မထားတဲ့တုန့်ပြန်မှု ဖြစ်ပြီး ၊ ဒီ နောက်ပိုင်းမှာတော့
ယိုးဒယားအနေနဲ့ဒီလို အပြုအမှုမျိုးဟာ ....နောက်ထပ်လုပ်ရင် မြန်မာနဲ့စစ်ဖြစ်ပွားတဲ့ထိ ...ဖြစ်နိူင်တယ်ဆိုတဲ့အနေအထားကိုသဘောပေါက်သွားပုံလဲရပါတယ်။၂၀၀၂ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာပဲ တပ်မတော် ရဲ့တန်ပြန်ထိုးစစ်ဟာအပြင်းအထန်စတင်လာပါတယ် ရန်သူများနဲ့ရင်ဆိုင်ထိန်းချုပ်ထားတဲ့တပ်တွေ အပြင် .နည်းဗျူဟာ(၅)ခု၊ တပ်ရင်း(၁၃)ရင်း ဟာ လက်နက်ကြီးပစ်ကူ အမြောက်အများနဲ့ စခန်းတွေကို ၀င်ရောက်
လုံးထွေးကုန်သလို..နှစ်နိူင်ငံအမြောက်တပ်တွေကတော့.နယ်စပ်ဖြတ်ကျော်ပြီးမီးကုန်ယမ်းကုန်
ပစ်ခတ်နေပါပြ။ီ

ဒီတိုက်ပွဲစဉ်တွေမှာတော့ ....SURA နဲ့ယိုးဒယား စစ်သည်တွေအဖို့....အတော်သွေးပျက်ဖွယ် အခြေအနေ
တစ်ခုကိုလဲစကြုံလာရပါပြီ။ ….အဲဒါကတော့ တလစပ် ပစ်ခတ်နေတဲ့ကြားက ...မိုက်မိုက်ကန်းကန်း လှံစွပ်
တက်ထိုးတဲ့မြန်မာစစ်သည်တွေနဲ့အတူ ခေါင်းကြော မာလှတဲ့အသေခံ “၀” တပ်ဖွဲ့၀င်တွေပါ ပါ၀င်လာခြင်းပါ.။တာချီလိတ်နဲ့မယ်ဆိုင်မြို့တွင်းကို လည်း ..အမြောက်ကျည်များ မကြာခဏ ကျရောက်နေသလို ....မယ်ဆိုင်မြို့တွင်း နေရာယူထားတဲ့ ယိုးဒယားတင့်ကားတစ်စီးဟာ မြန်မာ အမြောက်တပ်က ပစ်ခတ်လိုက်တဲ့ .....ဗုံးသီးတစ်လုံးကို ၃၅ ပေါင်လေးတဲ့ ...၁၂၀ မီလီမီတာ MA6 စိန်ပြောင်းကြီး .....တိုက်ရိုက်ထိမှန်သွားတဲ့အတွက် ...စက္ကူစုတ် တစ်ခုလို ရှုံ့တွ မီးလောင် သွားပြီး ....ယာဉ်ပေါ်ပါ စစ်သည်အားလုံး သေဆုံးသွားပါတယ်။
ဒီထိမှန်ပေါက်ကွဲမှုဟာ ယိုးဒယားစစ်တပ်ကို အတော်တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပြီး ပဲ့ထိန်းစနစ်တပ်
ဒုံးလက်နက်တစ်မျိုးနဲ့ပစ်ခတ်ခံရတယ်လို့ယူဆတဲ့အတွက် ယိုးဒယား တင့်ကား အားလုံးကို ...နောက်ဘက်
ကိုက် ၄၀၀ လောက်ထိ ....ဆုတ်ခွာသွားစေခဲ့ပါတယ်။ မကြာမီ ရက်ပိုင်း အတွင်းမှာတော့ ..SURA နဲ့ယိုးဒယားတပ်ဖွဲ့၀င်တွေဟာစတင်ဆုတ်ခွာလို့နေရပါပြီ…...။

၂၀၀၂ ခုနှစ် ဇွန်လလယ်ရဲ့သာမန် ည တစ်ညမှာ ....ညတိုက်ပွဲ၀င် ၀တ်စုံ အပြည့်နဲ့....အမှတ် ၁၇၁
စစ်ဒေသက “၀” တပ်ဖွဲ့၀င် ၃၀၀ ခန့်ဟာ ....တဂျိမ်းဂျိမ်း ပစ်ခတ်နေတဲ့ ယိုးဒယား အမြောက်စခန်းတွေရဲ့....ရှေ့ကာတပ်စခန်းများဆီကို နယ်စပ်ဖြတ်ကျော်ပြီး တိတ်တိတ်ဆိတ်ဆိတ် ပဲ စိမ့်၀င် ချီတက်သွားပါတယ်။အဲဒီည မှာပဲ ...နယ်စပ်မျဉ်းက ၂ ကီလိုမီတာ အကွာမှာရှိတဲ့....ယိုးဒယား ကာကင်း အတော်များများချေမှုန်းခံရပြီး၊ ယိုးဒယားနယ်ခြားစောင့်တပ်စခန်း အတော်များများဟာ တိုက်ခိုက်ဖျက်ဆီး မီးရှို့ခံခဲ့ရပါတယ်။ဒါဟာ ယိုးဒယားအမြောက်များနဲ့....မြန်မာခြေလျင်တပ်ဖွဲ့များ အကြား ကြားခံတပ်အင်အား အတော်နည်းသွားတဲ့သဘောဖြစ်ပြီး၊ ယိုးဒယားအမြောက်စခန်းများဟာ အကြီးအကျယ် ခြိမ်းခြောက်ခံနေရပြီဆိုတဲ့အဓိပ္ပာယ်လဲဖြစ်ပါတယ်။
ဒါပေမယ့်လဲစစ်ပွဲဟာအဖြေပေါ်နေခဲ့ပါပြီ။ နောက် ၂ရက်အကြာမှာတော့ ....မြန်မာပြည်ကို
အင်အားသုံးမယ်ဆိုတဲ့ ယိုးဒယား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆူရာယုဒ် ချူလာနော့ ဟာရာထူးမှ အနားပေး
ခံရပြီးနယ်စပ်မျဉ်းက ယိုးဒယားတပ်ဖွဲ့၀င် အမြောက်အမြားဟာပြန်လည်ဆုတ်ခွာရပါတော့တယ်။ ဒါအပြင်
အသစ်တက်လာတဲ့ယိုးဒယား စစ်ဦးစီးချုပ်ဟာ .....SURA အပေါ် ထောက်ပံ့ပေးနေမှုကို ရပ်စဲလိုက်တဲ့အတွက်ယိုးဒယားနယ်မြေထဲမှာအခြေစိုက်နေရတဲ့ SURA အဖိုတော့အနာဂတ်ကာလတွေမှာ အခက်အခဲအတော်တွေ့ရတော့မှာလည်းဖြစ်ပါတယ်။တပ်မတော်အနေနဲ့ကတော့ဒီတိုက်ပွဲစဉ်တွေ အပြီးမှာ ....ပြန်လည်သိမ်းပိုက်ခဲ့တဲ့နယ်စပ်ခံစစ်စခန်းများကိုစစ်ကြောင်းအဆင့်ထိုင်တဲ့ မဆုတ်တန်းခံစစ်စခန်းတွေအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး

ဒီနေ့အထိအခိုင်အမာခံစစ်ပြင်ထားတော့တာကို ...တွေ့ရ တော့မှာလဲ ဖြစ်ပါတယ်…….။
Credit : : Ye Moe
Cp#azw
Cp#azw
Comments
Post a Comment